‘Live Transcribe နှင့် အသံအကြောင်းကြားချက်များ’ သည် နားမကြားသူ၊ နားလေးသူများအတွက် Android ဖုန်းသုံးရုံဖြင့် နေ့စဉ်စကားပြောဆိုမှုများနှင့် ဝန်းကျင်အသံများကို ပိုမိုလွယ်ကူစွာ နားလည်စေသည်။
စက်အများစုတွင် ဤအဆင့်များကို လုပ်ဆောင်ခြင်းဖြင့် ‘Live Transcribe နှင့် အသံအကြောင်းကြားချက်များ’ ကို ဖွင့်နိုင်သည်-
၁။ သင့်စက်၏ ‘ဆက်တင်များ’ အက်ပ်ကို ဖွင့်ပါ
၂။ ‘အများသုံးနိုင်မှု’ ကို တို့ပါ
၃။ သင်အသုံးပြုလိုသည့် လုပ်ဆောင်ချက်ပေါ်မူတည်၍ Live Transcribe (သို့) ‘အသံ အကြောင်းကြားချက်များ’ ကို တို့ပါ
Live Transcribe (သို့) ‘အသံ အကြောင်းကြားချက်များ’ ကို စတင်ရန် ထိန်းချုပ်ခလုတ်၊ လက်ဟန် (သို့) ‘အမြန်ဆက်တင်များ’ ကိုလည်း သုံးနိုင်သည် (
https://g.co/a11y/shortcutsFAQ)။
အချိန်နှင့်တစ်ပြေးညီ စာသားမှတ်တမ်းများ• ပြန်လည်ဒီဇိုင်းထုတ်ထားသည့် စကားဝိုင်းအင်တာဖေ့စ်ကြောင့် အပြန်အလှန်ပြောဆိုရာတွင် ပိုမိုချောမွေ့လွယ်ကူလာစေပါသည်။
• ဘာသာစကားနှင့် ဒေသိယစကား ၈၀ ကျော်ဖြင့် အချိန်နှင့်တစ်ပြေးညီ စာသားမှတ်တမ်းများကို ရယူပါ။ အမည် (သို့) အိမ်သုံးပစ္စည်းများကဲ့သို့သော သင်မကြာခဏသုံးသည့် စိတ်ကြိုက်စကားလုံးများကို ထည့်နိုင်သည်။
• တစ်စုံတစ်ဦးက သင့်အမည်ကို ပြောသည့်အခါ သင့်ဖုန်းတုန်ခါရန် သတ်မှတ်နိုင်သည်။
• သင့်စကားဝိုင်းတွင် တုံ့ပြန်မှုများ ရိုက်ထည့်နိုင်သည်။
• အသံပိုကောင်းစွာ ရရှိစေရန် ကြိုးတပ် မိုက်ခွက်ပါနားကြပ်၊ ဘလူးတုသ် နားကြပ်နှင့် USB မိုက်များရှိ ပြင်ပမိုက်ခရိုဖုန်းများကို သုံးနိုင်သည်။
• ဖြန့်ဖုန်းများတွင် အခြားသူများနှင့် ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်ရန် စာသားမှတ်တမ်းနှင့် ရိုက်ထည့်ထားသော တုံ့ပြန်မှုများကို ပြင်ပစခရင်တွင် ပြနိုင်သည်
• စာသားမှတ်တမ်းများကို ၃ ရက်ကြာ သိမ်းရန် ရွေးနိုင်သည်။ သိမ်းထားသော စာသားမှတ်တမ်းများသည် စက်ပေါ်တွင် ၃ ရက်ကြာ ရှိမည်ဖြစ်၍ ၎င်းတို့ကို အခြားတစ်နေရာတွင် မိတ္တူကူးပြီး ထည့်နိုင်သည်။ မူရင်းသတ်မှတ်ချက်အရ စာသားမှတ်တမ်းများကို သိမ်းမထားပါ။
အသံ အကြောင်းကြားချက်များ• မီးခိုးငွေ့ အချက်ပေးစက်မြည်ခြင်း (သို့) ကလေးငိုခြင်းကဲ့သို့ သင့်ပတ်ဝန်းကျင်ရှိ အရေးကြီးသောအသံများအတွက် အကြောင်းကြားချက် ရယူနိုင်သည်။
• သင့်အသုံးအဆောင်ပစ္စည်းများ အသံမြည်သည့်အခါ အကြောင်းကြားချက်ရယူရန် စိတ်ကြိုက်အသံများ ထည့်နိုင်သည်။
• သင့်ပတ်ဝန်းကျင်တွင် ဘာဖြစ်ခဲ့သည်ကို သိနိုင်ရန် ပြီးခဲ့သည့် ၁၂ နာရီအတွင်းက အသံများကို ပြန်စစ်နိုင်သည်။
သတ်မှတ်ချက်များ-• Android 12 နှင့်အထက်
‘Live Transcribe နှင့် အသံအကြောင်းကြားချက်များ’ ကို ယူအက်စ်ရှိ နားမကြားသူနှင့် နားလေးသူများအတွက် ထိပ်တန်းတက္ကသိုလ်ဖြစ်သော Gallaudet တက္ကသိုလ်နှင့် ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။
အကူအညီနှင့် အကြံပြုချက်• အကြံပြုချက်ပေးရန်နှင့် ထုတ်ကုန်အပ်ဒိတ်များ ရယူရန်
https://g.co/a11y/forum ရှိ ‘အများသုံးနိုင်သော Google Group’ သို့ ဝင်ရောက်ပါ
• ‘Live Transcribe နှင့် အသံအကြောင်းကြားချက်များ’ အသုံးပြုခြင်းဆိုင်ရာ အကူအညီအတွက်
https://g.co/disabilitysupport တွင် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ
ခွင့်ပြုချက်များဆိုင်ရာ သတိပေးချက်မိုက်ခရိုဖုန်း- ‘Live Transcribe နှင့် အသံအကြောင်းကြားချက်များ’ သည် သင့်ပတ်ဝန်းကျင်ရှိ စကားသံနှင့် အသံများကို စာသားရေးရန် မိုက်ခရိုဖုန်းသုံးခွင့် လိုအပ်သည်။ စာသားမှတ်တမ်းများ (သို့) သိရှိသော အသံများကို စီမံဆောင်ရွက်ပြီးနောက် အသံကို သိမ်းမထားပါ။
အကြောင်းကြားချက်များ- ‘အသံ အကြောင်းကြားချက်များ’ လုပ်ဆောင်ချက်များသည် အသံများကို အကြောင်းကြားရန်အတွက် အကြောင်းကြားချက်သုံးခွင့် လိုအပ်သည်။
အနီးတစ်ဝိုက်ရှိ စက်များ- Live Transcribe သည် သင့်ဘလူးတုသ် မိုက်ခရိုဖုန်းနှင့် ချိတ်ဆက်ရန် အနီးတစ်ဝိုက်ရှိ စက်များကို သုံးခွင့်လိုအပ်သည်။
အများသုံးနိုင်မှုဆိုင်ရာ ဝန်ဆောင်မှု- ‘အသံ အကြောင်းကြားချက်များ’ သည် ၎င်း၏ အသံသိရှိမှုဝန်ဆောင်မှုကို နောက်ခံတွင် လုပ်ဆောင်ရန်နှင့် သင့်စက်၏ ထိန်းချုပ်ခလုတ် (သို့) လက်ဟန်ဖြင့် အမြန်သုံးနိုင်ရန် ‘အများသုံးနိုင်မှုဆိုင်ရာ ဝန်ဆောင်မှု API’ ကို သုံးသည်။ ဤ API ကို စခရင်ရှိ အကြောင်းအရာ (သို့) ကိုယ်ရေးအချက်အလက်များကို ဖတ်ရန်၊ စုဆောင်းရန် (သို့) သိမ်းရန် အသုံးမပြုပါ။